association international ministries Myanmar Forest products and timber merchants association home contact us
International VIETNAM UNION OF FRIENDSHIP ORIGANIZATION(VUFO)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင် (၁၀)ဦးပါ ဗီယက်နမ်ချစ်ကြည်ရေးအသင်း Vienam Union of Friendship Organization (VUFO) မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၃-၄-၂၀၀၇ မှ ၃၀-၄-၂၀၀၇ နေ့အထိ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်ရောက်ရှိစဉ်ကာလအတွင်း  ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ၂၉-၄-၂၀၀၇ ရက်နေ့တွင် သစ်အချောထည်လုပ်ငန်းစက်ရုံသို့  ၃း၀၀ မှ ၄း၀၀ နာရီ လည်ပတ်ခဲ့ရာတွင် ဦးနေထွန်းမင်း (ဒါရိုက်တာ)မှ စက်ရုံအကြောင်းရှင်းလင်းပြသသည့်အပြင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ CEC ဒေါက်တာစိန်ဝင်းနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအုန်းစိန်တို့ကလည်း  သစ်တောရေးရာကိစ္စများကို ခင်မင်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

© 2007 Myanmar Forest Products and Timber Merchants Association. All Rights Reserved.