|

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း
တွဲဖက်အတွင်းရေးမှူး(၁) စင်္ကာပူသမ္မတနိုင်ငံသို့ထွက်ခွာ
ရန်ကုန် ဇူလိုင် (၁၂)
စင်္ကာပူသမ္မတနိုင်ငံတွင် ဇူလိုင် (၁၃)ရက်မှ (၁၅)ရက်အထိ ကျင်းပမည့် (၁၅)ကြိမ်မြောက်
ASEAN Furniture Industries Council ၏ လုပ်ငန်းကော်မတီအစည်းအဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာမျိုးသက်သည် ယနေ့နံနက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေထွန်းမင်း၊ အလုပ်အမှုဆောင် ဦးမင်းသော်ကောင်းနှင့် အမှုဆောင်အရာရှိ ဦးမြတ်ဇော်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ (အပေါ်ပုံ) (သတင်းစဉ်)
|