Logs Measuring System
သစ်လုံးတိုင်းတာသည့်နည်းစနစ်အပေါ် သုံးသပ်ချက်
မြန်မာနိုင်ငံသည် သစ်သယံဇာတ ပေါကြွယ်ဝသော နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှားပါသည်။ အထူးသဖြင့် ပြိုင်ဘက်ကင်း သစ်အမျိုးအစား
ဖြစ်သည့်
”ကျွန်းသစ်” အမြောက်အမြား ထွက်ရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံသည် နာမည်ကျော်ကြား လူသိများလှသည်။ မြန်မာ့သစ်တော
ကြီးများထဲတွင် ကျွန်းသစ်အပြင် စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အဖိုးတန် သစ်မာ/သစ်ပျော့ အမျိုးအစားများစွာလည်း ပေါက်ရောက်လျက်ရှိပါသေးသည်။
ရှေးမြန်မာမင်းများလက်ထက်ကပင် သစ်သယံဇာတများကိုနိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချခဲ့ကြ၏။ လက်လှမ်းမီသမျှ
သမိုင်းအထောက်
အထားများအရ (ဗီ-၇) ရာစုနှစ်ခန့်ကပင် မြန်မာ့ ကျွန်းသစ်များကို အာရပ်ကုန်သည်များသို့ ရောင်းချခဲ့ကြောင်း လေ့လာသိရှိရပါသည်။
အလားတူပင် သစ်မာ သစ်လုံးများကိုလည်း ပြည်ပသို့ ရောင်းချခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ လက်ရှိ ခေတ်အချိန် ကာလတွင်လည်း
ပြည်ပသို့ရောင်းချခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ လက်ရှိခေတ်အချိန် ကာလတွင်လည်း ပြည်ပသို့သစ်တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် နိုင်ငံတော်၏ စီပွားရေးကို အဓိက ဦးဆောင်လျက်ရှိကြောင်း အများအသိပင် ဖြစ်ပါသည်။ သစ်လုံးကိုပြည်ပသို့တင်ပို့ရာ၌လည်းကောင်း၊
ပြည်တွင်း၌ ရောင်းဝယ် ဖောက်ကားရာ၌ လည်းကောင်း သစ်၏ထုထည် (ကုဗ) ပမာဏကို တိုင်းတာ တွက်ချက်ရပါသည်။
ခေတ်ကာလနှင့်
ဒေသကို လိုက်တိုင်းတာသည့် နည်းစနစ်များလည်း ပြောင်းလဲလာခဲ့ကြ၏။ ဤဆောင်းပါးတွင် သစ်လုံး တိုင်းတာသည့် နည်းစနစ်အချို့နှင့်
ပတ်သက်ပြီး ဥာဏ်မီသ၍ ဆွေးနွေး တင်ပြထားပါသည်။
ရှေးမြန်မာမင်းများ လက်ထက်က သစ်လုံး တိုင်းတာသည့် နည်းစနစ်
ရှေးမြန်မာမင်းများ လက်ထက်ကပင် သစ်ရောင်းဝယ် ဖောက်ကားရာ၌
”အသားစနစ်”ခေါ် သစ်လုံး တိုင်းတာ တန်ဖိုးဖြတ်သည့် နည်းစနစ်ကို
သုံးစွဲခဲ့ကြောင်း လေ့လာ သိရှိရပါသည်။ သို့သော် စနစ်တကျ
”စံ”သတ်မှတ်ထားသည့် အစောဆုံး သစ်လုံး တိုင်းတာမှု နည်းစနစ် တစ်ရပ်ကိုမူ
ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားလက်ထက် (ဗီ၁၇၈၁-၁၈၁၉)တွင်မှ အမိန့်ပြန်တမ်းနှင့်တကွ ပြဋ္ဌာန်း သုံးစွဲစေခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
ဘိုးတော်မင်းတရားသည် ၄င်း၏ လက်တော် တစ်တောင်(၁၉”) အလျားရှိသော
”တောင်တာတံ”ကို
”စံ”အဖြစ် သတ်မှတ်၍ သစ်တိုင်းတာရာတွင် အသုံးပြုစေသည်။ ၄င်းတောင်တာတံကို
”ဇီဝဇိုးတောင်တာတံ”ဟု ခေါ်တွင်သည်။ ၄င်းအပြင်
”ဘိုးတော်ကြီးနှုန်း” ခေါ်သစ်သားဖွဲ့ရသည့်
မူသေဇယားကိုလည်း သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်
ဟု အဆိုရှိ၏။
”တောင်တာတံ”၏ အလျားမှာ (၁၉လက်မတစ်မူး) ရှိပြီး အရင်းတစ်ဘက်မှာ ဗျက်၁”ခန့်ရှိ၍ အဖျားဘက်သို့ အနည်းငယ် ခပ်သွယ်သွယ်ခပ်
ပါးပါး ပြုလုပ်ထားသည်။ ထုမှာ (၁/၂)”ခန့်ဖြစ်ပြီး ယင်းတိုက်သားဖြင့် ပြုလုပ်လေ့ရှိ၏။ သစ်လုံး၏ လုံးပတ် တိုင်းတာရာတွင် လည်းကောင်း၊
လုံးပတ် တိုင်းတာရမည့် နေရာကို ညွှန်ပြရာတွင်လည်းကောင်း
”တောင်တာတံ”သည် အဓိက ပစ္စည်းဖြစ်သည်။
ထိုခေတ်ထိုအခါက သစ်လုံး၏ အလျားကို ပုံသေထား၍ သစ်ထုတ်လေ့ရှိကြောင်း သိရှိရသည်။ ပုံမှန်သစ်မှာ အရှည်(၁၂)တောင်ရှိပြီး၊ အထူးမှာကြားထားသော သစ်ရှည်များမှာ (၁၅)တောင်နှင့် အတောင်(၂၀) အသီးသီး ရှိကြသည်။ (၁၂)တောင်သစ်အတွက် နဖားပေါက် (သစ်လုံး၏
အရင်းပိုင်းတွင် အမြဲရှိသည်)မှ
”တောင်တာ” (၃)ပြန်နေရာတွင် လုံးပတ်တိုင်းရန် သတ်မှတ်ထား၏။ (၁၅)တောင်နှင့် အတောင်(၂၀)သစ်များ
အတွက်မူ
နဖားပေါက်မှ
”တောင်တာ” (၄)ပြန်နှင့် (၅)ပြန် နေရာအသီးသီးတွင် လုံးပတ်တိုင်းရသည်။
သစ်လုံး၏ လုံးပတ်ကို နှီး/ကြိမ်ဖြင့်ပတ်၍ တိုင်းယူရသည်။ တိုင်းယူ ရရှိသည့် နှီး/ကြိမ်၏ အရှည် (သစ်လုံး၏လုံးပတ်)ကို
”တောင်တာတံ” ဖြင့်တိုင်းတာ၍
”အဆုတ်”မည်မျှ (သို့မဟုတ်)
”အဆုတ်ဝက်” မည်မျှရှိသည်ကို မှတ်ထားရယူ၏။ ထို့နောက် သစ်လုံးအားလုံး၏
”အဆုတ်
ပေါင်း” အား
”ဘိုးတော်ကြီးနှုန်း”ခေါ်
အသားဖွဲ့ မူသေဇယားကို
အသုံးပြု၍
”အသားလုံး” ဖွဲ့ရသည်။
”အသားလုံး”သည် သစ်လုံး၏ ထုထည်
မဟုတ်ပါ။ ထွက်ရှိလာမည့် ( Basic concept )တွင်
တူညီနေကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။
ထုထည် မှန်သစ်လုံး တိုင်းတာသည့် နည်းစနစ်များ
( True volume methods )
သစ်လုံးတစ်လုံး၏ ပုံသဏ္ဍာန်သည် ဆလင်ဒါပုံ စစ်စစ်ဖြစ်ပါက ၄င်း၏ ကန့်လန့်ဖြတ် ဧရိယာကို အလျားနှင့် မြောက်ခြင်းဖြင့် သစ်လုံး၏
”ထုထည်မှန်” (TrueVolume)ကို အလွယ်တကူ ရရှိနိုင်ပါသည်။ သို့သော်လည်း သဘာဝ၏ လက်ဆောင်မွန် တစ်ခုဖြစ်သည့် သစ်ပင် (သစ်လုံး)
သည် ပုံသဏ္ဍာန်မှန်သော
ပစ္စည်းတစ်ခုမဟုတ်နိုင်ပါ။ သစ်လုံး၏ဖြတ်ပိုင်းပုံ (CrossSection)သည် စက်ဝိုင်းတစ်ခုမဟုတ်နိုင်သလို၊ အရင်းအဖျား
မှာလည်း လုံးပတ်တူ ရရှိနိုင်ခဲလှသည်။ ထို့ကြောင့် ရောင်းရေး ၀ယ်တာကိစ္စရပ်များ အလို့ငှာ သစ်လုံး၏
”ထုထည်မှန်”ကို တိုင်းတာနိုင်ရန်နည်း
စနစ်အမျိုးမျိုး တီထွင်လာကြရသည်။”ထုထည်မှန်” ဆိုသော်လည်း စင်စစ် အနီးစပ်ဆုံး ထုထည်မျှသာဖြစ်၏။ ထုထည်မှန်တိုင်းတာသည့်
ပုံသေနည်းအချို့ကို အောက်တွင်
ဖော်ပြပါသည်။
သစ်လုံးများသည် တစ်လုံးစီ ရှိနေသောအခါ ယင်း၏ခါးလည် ကန့်လန့်ဖြတ်အချင်း (Diameter) ကို တိုင်းယူရန် လွယ်ကူသဖြင့် ပုံသေနည်း
(၁)ကိုအသုံးပြုနိုင်သည်။ အချင်းကို တိုင်းယူရရှိပြီးသောအခါ ကန့်လန့်ဖြတ်ဧရိယာ (B 1/2) ကို အလွယ်တကူ တွက်ယူနိုင်၏။
သစ်လုံးများကို စုပုံ၍ထားသော အခြေအနေမျိုးတွင် သစ်လုံး၏ ထိပ်ဝနှစ်ဘက် အချင်းများကို တိုင်းယူရန် လွယ်ကူသောကြောင့် ပုံသေနည်း(၂)
ကို သုံးသင့်ပါသည်။ သစ်လုံးအရင်းပိုင်း၏ အရှည်ဆုံးနှင့် အတိုဆုံး အချင်းအသီးသီးကိုတိုင်းတာပြီး ယင်းတို့၏ ”ပျမ်းမျှ
အချင်း”ကိုရှာရသည်။ သစ်လုံးအဖျားပိုင်း၏
”ပျမ်းမျှအချင်း”ကိုလည်း အလားတူ ရှာနိုင်သည်။ ၄င်းတို့မှ (B)နှင့်(ဘ)တို့၏ တန်ဖိုးများကို တွက်ယူရ၏။
ပုံသေနည်း(၃)မှာသစ်လုံး၏
”ထုထည်မှန်”ကို အနီးစပ်ဆုံးတိုင်းတာနိုင်သောနည်းဖြစ်ပါသည်။ သို့သော်လည်း သစ်လုံး၏ ကန့်လန့်ဖြတ်အချင်း
(၃)ခုကို တိုင်းယူရမည် ဖြစ်သဖြင့် လက်ဝင်ပြီး လက်တွေ့အသုံးနည်းပါသည်။
Hoppus Method
ဗြိတိသျှတို့၏ အစဉ်အလာသစ် ထုထည်တိုင်းတာသည့် နည်းစနစ် တစ်ရပ်ဖြစ်ပါသည်။ သစ်လုံးတစ်လုံး၏ အသားတင် အသားထွက်မှု
(Usuable volume of wood)
ကိုခန့်မှန်းနိုင်ရန်အတွက်
အင်္ဂလိပ်လူမျိုး
(Edward Hoppus)
ဆိုသူက ၁၇၃၆ ခုနှစ်တွင်
ဤနည်းစနစ်
ကိုတီထွင်အကြံပြုခြင်းဖြစ်သည်ဟုသိရှိရပါသည်။ HoppusVolumeသည် သစ်လုံး၏ထုထည်မဟုတ်ပါ။ သစ်တစ်လုံးမှ အသားထွက်ကို
ခန့်မှန်းရန် လက်တွေ့ အသုံးပြုနိုင်သော နည်းမျှသာ ဖြစ်ပေသည်။
(ဘိုးတော်မင်းတရား၏
”အသားစနစ်” နှင့် နှိုင်းယှဉ်ကြည့်ပါလေ)
Hoppus ပုံသေနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထုထည်မှန်နှင့် Hoppus Volume
”ထုထည်မှန်” ကို မက်ထရစ်စနစ်ဖြင့် တိုင်းတာလေ့ရှိပြီး
Hoppus volume ကို ဗြိတိသျှစနစ်ဖြင့် တိုင်းတာပါသည်။ အခြေအနေချင်း
မတူညီသော နည်းစနစ် နှစ်ရပ်ကို မြင်သာ ထင်သာစေရန် အောက်ပါ ဥပမာဖြင့် နှိုင်းယှဉ်ပြပါမည်။ ခါးလည် လုံးပတ် (၆-၈”)ရှိ၍ အလျား (၁၈)ရှိသော သစ်လုံးတစ်လုံးကို မူတည်၍
”ထုထည်မှန်”နှင့်
Hoppus Volume ကို တွက်ထုတ်ကြပါစို့။
သစ်လုံးတစ်လုံး၏ Hoppus Volume သည်
”ထုထည်မှန်” ၏
(၇၈.၅၇%)
မျှသာရှိကြောင်း
တွေ့ရှိရပါသည်။
Hoppus Method နှင့် Recovery
သစ်ခွဲစိတ်ခြင်းလုပ်ငန်း၌ Recovery ဆိုသည်မှာ ခွဲစိတ်ထွက်ရှိလာသော သစ်ခွဲသား (ကုဗ)နှင့် အသုံးပြုလိုက်သည့် ကုန်ကြမ်းသစ်လုံး (ကုဗ)တို့၏ အချိုးပင် ဖြစ်သည်။ Recovery ကို ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိ၏။ ဥပမာအားဖြင့် 1 Hoppus ton(50 ft3) ရှိသော ကျွန်းသစ်လုံး
တစ်လုံးကို ခွဲစိတ်လိုက်သောအခါ၊ ၄င်းမှ သစ်ခွဲသား 21 ft3 ထွက်ရှိလာသည် ဆိုပါစို့။
Recovery = 21/50 x 100= 42 %
သို့ရာတွင် ကုန်ကြမ်းသစ်လုံး၏ ” ထုထည်မှန်”မှာ 63.64 cu-ft ဖြစ်သဖြင့် အမှန်တကယ် Recovery မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Recovery = 21/63.64 x 100= 33 %
အလားတူပင် သစ်မာ သစ်လုံးများ ခွဲစိတ်ရာမှ ခွဲသားထွက်ရှိမှု Recovery မှာ လက်ရှိ နည်းစနစ်အရ ၅၅% ရှိသည်ဟုဆိုလျှင် အထက်ပါပုံသေနည်းအရ အမှန်တကယ် Recovery မှာ ၄၃.၂% သာ ဖြစ်ပေမည်။ အထပ်သား စက်ရုံများ အနေဖြင့်လည်း အထပ်သား ထွက်ရှိမှု Recovery ၄၀% ရသည် စသည်ဖြင့် ပြောလေ့ရှိကြသည်။ အမှန်တကယ် Recovery မှာ ၃၁.၄ % မျှသာ ဖြစ်ပေ၏။ အားလုံးကိုခြုံ၍ဆိုရသော်Hoppus Method ကို အခြေခံသော Recovery ကိန်းဂဏန်းသည် အမှန်တကယ် Recovery ထက် (၁.၂၇၃) အဆ ပိုနေသည်။
အလျဉ်းသင့်၍ Recoveryနှင့် ဆက်စပ်သော အကြောင်းအချက်တစ်ခု ကို ဖော်ပြပါမည်။ အခြေအနေတစ်ရပ်တွင် မြန်မာ့သစ်လုပ်ငန်း Tender မှ ၀ယ်ယူခဲ့သော SG-IV & up ကျွန်းသစ်လုံး အချို့ကို ပုဂ္ဂလိက စက်ရုံတစ်ခုတွင် Veneer flitch များအဖြစ် ထုတ်လုပ်ခဲ့ပါသည်။ ထိုသို့ ထုတ်လုပ်ရာ၌ ထွက်ရှိလာသော Veneer flitch များ၏ ကုဗပေ (cu-ft) သည် အသုံးပြုလိုက်သော ကုန်ကြမ်း သစ်လုံး၏ ကုဗပေ (cu-ft)ထက် ပိုနေသည်ဟု အဆိုရှိပါသည်။ တစ်နည်း ဆိုရသော် Recovery (၁၀၀%) ထက် ကျော်လွန်နေခြင်းဖြစ်ပါသည်။ အတိုင်းအတာမှား၍ မဟုတ်ပါ။ Hoppus Method
” အသားပို” အချို့ကို ၀ယ်သူသို့
”လက်ဆောင်” ပေးလိုက်ရသောကြောင့် ဖြစ်ပေသည်။
နိုင်ငံတကာ သစ်လုံးတိုင်းတာမှု နည်းစနစ်နှင့် မြန်မာနိုင်ငံ
ကမ္ဘာပေါ်တွင် အဓိက သစ်လုံးတင်ပို့ ရောင်းချနေသောနိုင်ငံများဖြစ်ကြသည့် မလေးရှား၊ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနိ၊ နယးဇီလန်၊ ရုရှား၊ ဂါနာ၊ ဘရာဇီးလ်၊ အာဖရိကနိုင်ငံများ စသည်တို့တွင် သစ်လုံး တိုင်းတာရာ၌ မက်ထရစ်စနစ်အရ True volume method ကို အသုံးပြုကြသည်။
မလေးရှား၊ အင်ဒိုနီးရှားမှထွက်ရှိသော Keruing (အင်/ကညင်)သစ်လုံးများနှင့် ဂွါတီမာလမှ ထွက်ရှိသောစိုက်ခင်းကျွန်း သစ်လုံးများ၏အချင်းကို စင်တီမီတာဖြင့်
လည်းကောင်း၊ အလျားကို မီတာဖြင့်လည်းကောင်းတိုင်းတာပြီး True volume method အရ ကုဗမီတာဖြင့်တွက်ချက် ရောင်းချ
ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ကျွန်း/သစ်မာ/သစ်ပျော့ သစ်လုံးများအား တိုင်းတာရာ၌ ဗြိတိသျှလက်ထက်မှစ၍ ယနေ့အထိ Quarter girth method ခေါ် Hoppus method ကိုပင် အသုံးပြုနေဆဲ ဖြစ်ပါသည်။ လုံးပတ်ကို သစ်လုံး၏ ခါးလည် (အလျား၏ တစ်ဝက်နေရာ)တွင် ပေကြိုးဖြင့် တိုင်းပြီး ပေ-လက်မဖြင့် ဖော်ပြသည်။ သစ်လုံး၏အလျားကိုလည်း ပေကြိုးဖြင့်ပင် တိုင်းတာ၍ ပေဖြင့်ဖော်ပြသည်။ သစ်လုံး၏ထုထည် (Hoppus volume) ကို ကုဗပေဖြင့် ဖော်ပြလေ့ရှိ၏။
Hoppus Method အပေါ်ဆွေးနွေးချက်
ရှေးယခင်ကာလများက သစ်သယံဇာတများပေါများသဖြင့် Hoppus method အရ သစ်လုံး၏အသားတင် အသားထွက်သည့်အပေါ်တွင်သာ
စိတ်ဝင်စားကြသည်မှာ နည်းလမ်းကျသည်ဟု ဆိုကောင်းဆိုနိုင်ပေမည်။ သို့သော်လည်း ယခုအခါကမ္ဘာနှင့်အ၀ှမ်းသစ်ရှားပါးလာခြင်း၊ ဈေးကြီးမြင့်လာခြင်းတို့ကြောင့် ယင်းစနစ်ကို ဆက်လက်အသုံး ပြုသင့်/မသင့် စဉ်းစားရန် လိုအပ်လာပြီဟု ယူဆမိပါသည်။
Hoppus methodသည် ”သာသာထိုးထိုး” ရောင်းချသည့် စနစ်ဖြစ်၍ ၀ယ်သူအကြိုက်ဖြစ်သည်။ ဤစနစ်အရ သစ်လုံး (၁)တန် (50 cu-ft) ရောင်းချတိုင်း ၀ယ်သူသို့ ( 13.64 cuf-ft ) ပိုပေးလိုက်ရသည်။ ပို့ပေးလိုက်ရသည့် သစ်သား များသည် ပကာသားများ၊ သစ်ဆွေးများနှင့် အရည်အသွေး မမီသည့်သစ်များချည်း မဟုတ်ပါ။ စင်စစ်သစ်လုံး၏ ”ဘေးသား” များမှာ နေရောင်ခြည်၊ လေထု၊ ရာသီဥတု စသည်တို့နှင့် ထိတွေ့မှုရှိသဖြင့် အတွင်းသားများထက် ကျစ်လစ်မာကျော၏။ အထူးသဖြင့် ကျွန်းသစ်လုံးများအဖို့ ”ဘေးသား” များတွင် ပျားပေါက်ပါဝင်မှု နည်းတတ်သည်။ ပရိဘောဂ အစိတ်အပိုင်းများ၊ ကြမ်းခင်းတုံး၊ ပုံဖော်သစ်၊ လက်ယှက် သစ်ချောင်းစသည့် ကုန်ချော ပစ္စည်းများ ထုတ်လုပ်ရန် ”ဘေးသား” များသည် အထူးသင့်လျော်ပါသည်။
မြန်မာနိုင်ငံနှင့် ထုထည်မှန်နည်းစနစ်
”ထုထည်မှန် နည်းစနစ်”မှာ သစ်လုံး၏ အမှန်တကယ် ထုထည်နှင့် နီးစပ်သဖြင့် ရောင်းသူ/၀ယ်သူ နှစ်ဦး နှစ်ဘက် အတွက် မျှတမှုရှိသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် ဤစနစ်ကို နိုင်ငံတကာ သစ်ဈေးကွက်တွင် အောင်မြင်စွာ အသုံးပြုနေခြင်း ဖြစ်နိုင်၏။ ”ထုထည်မှန် နည်းစနစ်”ကို ကျင့်သုံးမည်ဆိုပါက နိုင်ငံတကာနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လက်ရှိ ဗြိတိသျှစနစ်မှ မက်ထရစ်စနစ်သို့ ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါသည်။ သစ်လုံး၏အချင်းကို စင်တီမီတာ၊ အလျားကို မီတာ၊ ထုထည်ကို ကုဗမီတာတို့ဖြင့် တိုင်းတာတွက်ချက်ရပါမည်။
မြန်မာနိုင်ငံတွင် ”ထုထည်မှန် နည်းစနစ်”ကို ကျင့်သုံးမည်ဆိုပါက ကျွန်းနှင့် သစ်မာ သစ်အုပ်စု (၂)မျိုးကို ခွဲခြား စဉ်းစားရပါမည်။ အဓိကအားဖြင့် ကျွန်း သစ်လုံး၏ ပုံပန်းသဏ္ဍာန် ဖြစ်ပါသည်။ ကျွန်းသစ်လုံးများ၏ အရင်းပိုင်းတွင် ပါးပျဉ်း၊ အရှိုက်၊ ဘဲဥပုံ၊ တြိဂံပုံ စသည်တို့ ပါရှိတတ်ပြီး ပုံသဏ္ဍာန်မှန် လေ့မရှိပါ။ ခါးလည်ပိုင်းနှင့် အဖျားပိုင်းတို့မှာမူ ဖော်ပြပါ ပြစ်ချက်များ နည်းပါးလာပြီး လုံးဝန်းသော သဘောဆောင် လာပါသည်။ သစ်လုံး ခါးလည်နေရာ (Midpoint of log) ၏ ကန့်လန့်ဖြတ်ပုံသည် စက်ဝိုင်းပုံ အတိအကျ မဟုတ်နိုင်သော်လည်း နီးစပ်မှုရှိသည်ဟု ယူဆနိုင်၏။ ထိုနေရာတွင် သစ်လုံး၏ အချင်းကို တိုင်းတာသင့်ပါသည်။ သစ်လုံး၏ အလျား တိုင်းတာမှုနှင့် ပတ်သက်၍ အထူး ပြောစရာ မရှိပါ။ Huber's method ကိုအသုံးပြု၍ ”ထုထည်မှန် နည်းစနစ်” ကို ကျင့်သုံးနိုင်ဖွယ် ရှိပါသည်။
သစ်မာသစ်လုံးများနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးပါမည်။ မြန်မာ့သစ်လုပ်ငန်းမှ ပြည်ပသို့ အဓိက တင်ပို့နေသည့် သစ်မာ အမျိုးအစား သစ်လုံးများ၏ ပိတောက်၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ အင်၊ ကညင်၊ တောင်သရက်တို့ ဖြစ်ကြ၏။ ၄င်းအမျိုးအစား သစ်လုံးများ၏ အလုံးအဖန်သည် လုံးဝန်းသောသဏ္ဍာန်ရှိပြီး၊ ခါးလည်ကန့်လန့် ဖြတ်ပုံသည် စက်ဝိုင်းပုံနှင့်အလွန် နီးစပ်မှုရှိပါသည်။ အထူးသဖြင့် အင်/ကညင်နှင့်တောင်သရက်သစ်လုံးများ၏ပုံပန်းသဏ္ဍာန်မှာ အင်ဒိုနီးရှား၊ မလေးရှားတို့မှ တင်ပို့ရောင်းချသည့် Merantiသစ်လုံးများနှင့် ဆင်တူပါသည်။ သစ်မာသစ်လုံးများအား ”ထုထည်မှန် နည်းစနစ်” ဖြင့် တိုင်းတာရန်အတွက် အငြင်းပွားဖွယ်မရှိပါ။
သုံးသပ်ချက်
သစ်လုံး တိုင်းတာရာတွင် ”ထုထည်မှန်နည်းစနစ်”သည် အရိုးရှင်းဆုံးနှင့် ”ကမ္ဘာသုံးနည်းစနစ်” တစ်ရပ်ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် သစ်
ရောင်းဝယ်ဖောက်ကား
ရာတွင် နိုင်ငံတကာနည်းစနစ်၊ အလေ့အထများနှင့် လိုက်လျောညီထွေဖြစ်ပါက ပို၍အကျိုး ဖြစ်ထွန်းဖွယ်ရာ ရှိပါသည်။
ထုထည်မှန် နည်းနစ်နှင့် ပတ်သက်၍ အချို့သူများ (အထူးသဖြင့် ကျွန်းသစ်လုံး ၀ယ်သူများ)က ဤအယူအဆကို ဆန့်ကျင် ကန့်ကွက်ကြဖွယ်
ရှိ၏။”ထုထည်မှန်နည်းစနစ်”ကို ကျင့်သုံးပါက ၄င်းတို့အနေဖြင့် များစွာ ဆုံးရှုံးနစ်နာစရာရှိသည်ဟု အရေးဆိုကြပေမည်။ အမှန်စဉ်းစားကြည့်ပါက ၀ယ်သူများအနေဖြင့် ဆုံးရှုံးနစ်နာခြင်းမဟုတ်ဘဲ၊ နှစ်ပေါင်းများစွာ ၄င်းတို့ ခံစားနေရသော ”အသားပို” ကို နောက်ထပ်ခံစားခွင့် မရရှိနိုင်တော့ခြင်းသာ ဖြစ်ပေမည်။ ကျွန်းသစ်သည် ”မြန်မာ့ရွှေ” ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အရှားပါးဆုံးသစ် အမျိုးအစားလည်း ဖြစ်ပါသည်။ ၄င်းအပြင် ကျွန်းဈေးကွက်သည် Seller's market ဖြစ်၏။ ကျွန်းသစ်ကို ”သာသာထိုးထိုး” ရောင်းချရန် မသင့်ဟု ယူဆမိပါသည်။
ယခု ကျင့်သုံးလျက်ရှိသော Hoppus Method မှ ”ထုထည်မှန်နည်းစနစ်” သို့ ပြောင်းလဲ မည်ဆိုပါက အတိုင်းအတာ များကိုလည်း လက်ရှိ ဗြိတိသျှ
စနစ်မှ မက်ထရစ်စနစ်သို့ အခြေခံမှစ၍ ပြောင်းလဲပေးရပါမည်။ လက်ရှိပေတံသည် မီတာတံဖြစ်လာပြီး၊ ပေကြိုးများသည်လည်း မီတာကြိုးများ ဖြစ်လာကြပါမည်။
စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲရာ၌ အခက်အခဲများ ရှိနိုင်ပါသည်။ အဆုံးအဖြတ်ပေးမည့် အချိုးအကွေ့တစ်ခုကို ဖြတ်ကျော်တိုင်း အခက်အခဲ ရှိစမြဲပင်။ မည်သို့ဆိုစေ ”သစ်တစ်လုံး ရွှေတစ်တုံး” ခေတ်ကာလသည် မကြာမီရောက်ရှိ လာတော့မည်ဖြစ်သဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကို ရည်မျှော်၍ ဆောင်ရွက်သင့်ပါကြောင်း သုံးသပ် အကြံပြုအပ်ပါသည်။
မှီးငြမ်းပြုချက်
(၁) ဦးဘသွင်၊ သစ်တောဝန်၏ ”ရွှေလီရိုးမှ ဘိုးတော်ကြီးနှုန်း” ဆောင်းပါး
(၂) Forest Mensuration by Forest Department
(၃) ဦးထွန်းကျော်၊ သစ်တောခရိုင်ဝန်၏ ”သစ်တော ပမာဏသင်္ချာ” (၁၉၅၅)
ခင်အောင် (ငြိမ်း)